Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

သင်္ကြန်အကြို တရားခန်းပွဲ

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။

ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။

အသင်းအမှုဆောင်များ

Sunday, January 8, 2012

မောင်သုတအောင် ၏ (၁၂) နှစ်ပြည့် မွေးနေ့မင်္ဂလာ


ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် တို့၏ သားရတနာ မောင်သုတအောင် (၁၂) နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ကို ဗုဒ္ဓသာသနရံသီ အသင်းတိုက်တွင် ကျင်းပပြုလုပ်ပါတယ်။ မွေးနေ့မင်္ဂလာပွဲတွင် ဆရာတော်အား ဒံပေါက်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး၊ ဧည့်ပရိသတ်တို့အားလည်း ဒံပေါက်ထမင်း၊ ကြက်သား ပလာတာတို့ဖြင့် တည့်ခင်းဧည့်ခံ ကျွေးမွေးလှူဒါန်းကြပါတယ်။ နေ့လည် ၁း ၃၀ နာရီတွင် ဆရာတော်ထံမှ ငါးပါးသီလ ဆောက်တည်ကြရင်း ပရိတ်တရားတော်များကို နာယူကြပါတယ်၊ အဲဒီနောက် မေတ္တာပို့သပြီး ကောင်းမှုကုသိုလ်များကို (၃၁) ဘုံ ကျင်လည်ကြတဲ့ သတ္တ၀ါအပေါင်းတို့အား ၀မ်းမြောက်ဝမ်းသာစွာဖြင့် အမျှပေးဝေခဲ့ကြပါတယ်။ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် (သား) မောင်သုတအောင် မိသားစုတို့ ဒံပေါက်ဆွမ်းဆက်ကပ်နေကြစဉ်
မောင်သုတအောင်နှင့် အမှတ်တရ