ကိုနောင်နောင် + မနှင်းနှင်း ဇနီးမောင်နှံတို့၏ (၇) နှစ်ပြည့် မင်္ဂလာနှင့်
မွေးနေ့မင်္ဂလာဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ကိုနောင်နောင်တို့ရဲ့ အိမ်ဂေဟာမှာ (09. 01. 2012) ရက်၊ တနင်္လာနေ့က
ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွမ်းခဲဖွယ်စသည် မကပ်လှူခင် ဦးစွာ
သီလဆောက်တည်ကြပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့ ပြည့်စုံစေရန်
ပရိတ်တရားတော်နှင့် ၀မ်းမြောက်ဖွယ် အနုမောဒနာ တရားဓမ္မများကို သက္ကစ္စ
ဂါရ၀တရား ရှေ့ထား၍ ရိုရိုသေသေ လေးလေးစားစား နာယူကြကာ ရေစက်သွန်းချ
အမျှပေးဝေခဲ့ကြပါတယ်၊ အဲဒီနောက် လှူဒါန်းဖွယ်ရာများနှင့် ဒံပေါက်ဆွမ်း
စသည်တို့ကို ဆက်ကပ် လှူဒါန်းကြပါတယ်။ ဖိတ်မန္တက ပြုထားကြတဲ့
ဧည့်ပရိသတ်များအားလည်း ဒံပေါက်ထမင်းများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း
ကောင်းမှု ကုသိုလ်များကို ၀မ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့ကြပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။
သင်္ကြန်အကြို တရားခန်းပွဲ
ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။
ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။
အသင်းအမှုဆောင်များ
Berlin Time


