Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

သင်္ကြန်အကြို တရားခန်းပွဲ

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။

ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။

အသင်းအမှုဆောင်များ

Wednesday, January 11, 2012

ဦးသူရလင်း + ဒေါက်တာ ဒေါ်စံပယ်မြင့် သမီး မအိမွန်သူ မိသားစုတို့၏ နှစ်သစ်ကူးရဲ့ နှစ်သစ်ဦး (ယူရို - ၁၇၀ - စာအုပ်စင်) အလှူ

ဂျာမဏီနိုင်ငံ၊ ULM မြို့တွင် နေထိုင်ကြတဲ့ အလှူဒါယကာ ဦးသူရလင်း + အလှူဒါယိကာမ ဒေါက်တာ ဒေါ်စံပယ်မြင့် (သမီး) မအိမွန်သူ မိသားစုတို့မှ နှစ်သစ်ကူးရဲ့ နှစ်သစ်ဦးအလှူဒါနအဖြစ် ဗုဒ္ဓသာသနရံသီ အသင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် ပိဋကသုံးပုံ ကျမ်းစာအုပ်များနှင့်တကွ ဘာသာရေး စာအုပ် စာပေများအတွက် အသုံးပြုရန် လိုအပ်လျက်ရှိသော စာအုပ်စင် (၃) စင် တန်ဘိုးငွေ ယူရို (၁၇၀) ကို စေတနာ သုံးတန်ပြဌာန်းစွာဖြင့် ဘဏ်အကောင့်မှတစ်ဆင့် မွန်မွန်မြတ်မြတ် လှူဒါန်းခဲ့ကြပါတယ်။ အလှူရှင်၊ အလှူအမ  မိသားစု အပေါင်း ပညာပါရမီနှင့် လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ၊ ရွှင်လန်းချမ်းမြေ့သော ဘ၀လမ်းခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။