Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

သင်္ကြန်အကြို တရားခန်းပွဲ

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။

ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။

အသင်းအမှုဆောင်များ

Sunday, January 15, 2012

ဗုဒ္ဓသာသနရံသီအသင်း၌ကျင်းပသော မရွှေရည်လင်းလဲ့၏ (၁၅)နှစ်ပြည့် မွေးနေ့မင်္ဂလာမှတ်တမ်း

အလှူရှင် ဦးကြည်ဝင်း + အလှူအမ ဒေါ်လင်းလင်းလက် (မငယ်) တို့ရဲ့ သမီးရတနာ မရွှေရည်လင်းလက် (၁၅) နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာကို ဗုဒ္ဓသာသနရံသီအသင်းတိုက်တည်ရှိရာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် ၁၁း ၁၅ နာရီတွင် ဆရာတော်အား ဆွမ်းခဲဖွယ် ဘောဇဉ်အရသာ အဖြာဖြာတို့ကို အလှူ့ရှင်မိသားစုများနှင့် အတူတကွ ဧည့်ပရိသတ်များက ဆက်ကပ်လှူဒါန်းကြပါတယ်။ အဲဒီနောက် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအား ရွှေတောင်ခေါက်ဆွဲ၊ အချိုပွဲများနဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့ကြပါတယ်။ နေ့လည် ၁း ၃၀ နာရီတွင် ဆရာတော်ထံမှ ငါးပါးသီလနှင့် ကောင်းကျိုးချမ်းသာ မင်္ဂလာများတိုးပွားပါစေခြင်း အကျိုးငှာ  ပရိတ်တရားတော်များကို သက္ကစ္စဂါရ၀ရှေ့ထား၍ နာယူခဲ့ကြပါတယ်၊ ပရိတ်တရားတော်များ နာယူပြီးသောအခါ အလှူဒါနနဲ့ ဆက်စပ်တဲ့ ၀မ်းမြောက်ဖွယ်ရာ အနုမောဒနာတရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့ကို အမျှပေးဝေခဲ့ကြပါတယ်။ အလှူရှင်မိသားစုများနှင့်တကွ ပရိသတ်အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။


အလှူရှင်၊ အလှူ့အမတို့ အချိုပွဲ ဆက်ကပ်လှူဒါန်းနေစဉ်


ဧည့်ပရိသတ်များအား ရွှေတောင်ခေါက်ဆွဲဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းနေစဉ်