ဗုဒ္ဓသာသနရံသီအသင်း မိသားစုများ စုပေါင်း၍ ဆွမ်းခဲဖွယ်ဘောဇဉ် အရသာ အဖြာဖြာတို့ကို ဆက်ကပ်ခြင်း၊ သီလဆောက်တည်ကျင့်သုံးခြင်း၊ တရားဓမ္မများနာယူကြခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီတနင်္ဂနွေနေ့မှာ မိခင်ကြီး ဒေါ်လှငွေအတွက် ရည်စူး၍ လစဉ် (၂၂) ရက်နေ့တိုင်း ဆွမ်းကပ်နေကြဖြစ်တဲ့ ဆွမ်းအလှူရှင် ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) သား - ကိုဇင်တို့ မိသားစုရဲ့ ဆွမ်းကပ်ရက်နဲ့ တိုက်ဆိုင်နေပါတယ်။ ဆွမ်းအလှူရှင် မိသားစုများ ကိုယ်တိုင် သာဟတ္ထိကဒါန မြောက်စွာဖြင့် ဆွမ်းခဲဖွယ်ဘောဇဉ် အရသာများကို စုံစုံလင်လင် ချက်ပြုတ်ခဲ့ပြီး ၀မ်းမြောက်ဝမ်းသာ ဆက်ကပ်လှူဒါန်းခဲ့သလို ဗုဒ္ဓဆင်းတုတော်ကြီး ပင့်ဆောင်သယ်ယူ စရိတ်အတွက် အလှူတော်ငွေ ယူရို (၅၀) တို့ကိုလည်း သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါတယ်။ အလှူရှင် မိသားစုများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာနဲ့ ဘာသာရေးလုပ်ငန်းများကို လှူဒါန်း ဆောင်ရွက်နိုင်ကြပါစေ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။
သင်္ကြန်အကြို တရားခန်းပွဲ
ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။
ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။
အသင်းအမှုဆောင်များ
Berlin Time

