Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

ဗုဒ္ဓသာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

သင်္ကြန်အကြို တရားခန်းပွဲ

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမှ ကြီးမှူး၍ ပထမ အကြိမ်မြောက် သင်္ကြန်အကြို တရားစခန်းပွဲ ကို ၀၆. ၀၄. ၂၀၁၂ နှင့် ၀၇. ၀၂. ၂၀၁၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားစခန်း ပွဲ ၀င်ကြမည့် ယောဂီများ အသင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြပါသည်။ ယောဂီဦးရေ (၂၀) ခန့် သာ လက်ခံပါမည်။

ဆွမ်းခဲဖွယ် စသည်တို့ကို အသင်းမှ တာဝန်ယူ၍ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသဖြင့် တရားစခန်း (၂) ရက်အတွက် ယောဂီ တစ်ဦးလျှင် ၂၅ ယူရို ထည့်ဝင် လှူဒါန်း ကြရပါမည်။ တရားအား ထုတ်ကြမည့် ယောဂီ များအား ဆွမ်းခဲဖွယ်စသည်များ လှူဒါန်းလိုပါလျှင် ဗုဒ္ဓသာသနရံသီအသင်း ဖုန်းနံပါတ်-၀၆၉ ၅၆၉၉ ၃၆၃၃ သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။

အသင်းအမှုဆောင်များ

Tuesday, January 10, 2012

မရွှေရည်လင်းလက် ၏ (၁၅) နှစ်ပြည့် မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

ဖေဖေ ဦးကြည်ဝင်း + မေမေ ဒေါ်လင်းလင်းလက် (မငယ်) တို့၏ သမီးရတနာ မရွှေရည်လင်းလက် (၁၅) နှစ်ပြည့်အထိမ်းအမှတ် မွေးနေ့မင်္ဂလာပွဲကို  ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မိတ်ဆွေအပေါင်းအသင်းများအား ကြွရောက်ကြပါရန် ခင်မင်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။ (ရွှေတောင်ခေါက်ဆွဲဖြင့် တည်ခင်းဧည့် လှူဒါန်းပါမည်။)
ကျင်းပမည့်ရက်         ။       ။ ၁၅. ၀၁. ၂၀၁၂ - ခုနှစ်၊ (တနင်္ဂနွေနေ့)
ကျင်းပမည့်နေရာ       ။       ။ ဗုဒ္ဓသာသနရံသီ အသင်းတိုက်တည်ရှိရာ ဘုန်းတော်ကြီးကျောင်း
ကျင်းပမည့်အချိန်       ။       ။ နံနက် ၁၀း ၃၀ နာရီမှ ညနေ ၃း ၀၀ နာရီအထိ
တရားနာယူမည့်အချိန် ။       ။ နေ့လည် ၂း ၀၀ နာရီ